Pages

Wednesday, September 13, 2017

စည်းကမ်းချက်များ

RUlES

Successmore Partner များ လိုက်နာရမည့် ကုမ္ပဏီမှချမှတ်ထားသည့် စည်းကမ်းချက်များ

Successmore Being Company ၏ စီးပွါးရေးလုပ်ငန်းသို့ ၀င်ရောက်လုပ်ကိုင်မည့်သူများသည် ရှေးဦးစွာ အသင်းဝင်လျှောက်လွှာတွင် လိုအပ်
သည့် အချက်အလက်များဖြည့်စွက်၍ ကုမ္ပဏီတွင် တရားဝင်မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ပြီးပါက အသင်းဝင် ဖိုင်တွဲနှင့်အင်တာနက် အကောင့်နံပါတ်
တခုရရှိမှာဖြစ်ပြီး ယင်းအကောင့်ဖြင့် ကုန်ပစ္စည်းများဝယ်ယူခြင်း မိတ်ဆွေသစ်များဖိတ်ခေါ်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
မှတ်ပုံတင်ရာတွင် လိုအပ်မည့်အချက်အလက်များ
  1. လျှောက်ထားသူ၏ အမည် (မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ)။
  2. လျှောက်ထားသူအား မိတ်ဆက်ပေးသူ၏ အမည်နှင့် ID ။
  3. လျှောက်ထားသူ၏နိုင်ငံသားမှတ်ပုံတင်အမှတ် (မိတ္တူနှင့်တကွပူးတွဲလျှောက်ထားရန်) ။
  4. လျှောက်ထားသူ၏မွေးသက္ကရာဇ် ( အင်္ဂလိပ်ခုနှစ်) ။
  5. လျှောက်ထားသူ၏ နေရပ်လိပ်စာ၊ဖုန်းနံပါတ် ။
  6. လျှောက်ထားသူ၏ ကမ္ဘောဇ၊ ဧရာဝတီ ဘဏ်စာအုပ်အမှတ် (သို့) MPU,ATM ကဒ်အမှတ် (မိတ္တူနှင့်တကွပူးတွဲတင်ရန်) ။
  7. အိမ်ထောင်ရှိသူများ မိမိအိမ်ထောင်ဘက်၏ အမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ (မိတ္တူနှင့်တကွပူးတွဲတင်ရန်) ။
စတင်ခြင်း
အသင်းဝင် ID နံပါတ်ရပြီးသူများသည် မိမိစတင်ဝင်ရောက်သည့်ရက်မှစပြီး ရက် ၆၀ အတွင်း သတ်မှတ် PV ပြည့်အောင်ဝယ်ယူရမည်ဖြစ်သည်။ သတ်မှတ် PV 750 (၁၃၀၀၀၀ကျပ်ဝန်းကျင်) ပြည့်ပါက
Supervisor ရာထူးအဖြစ်သတ်မှတ်ပြီး၊ သတ်မှတ် PV 3000 (၅၀၀၀၀၀ကျပ်ဝန်းကျင်) ပြည့်ပါက
Executive ရာထူးအဖြစ် သတ်မှတ်ပါသည်။ ရက်၆၀အတွင်း သတ်မှတ် PV မပြည့်သူများ၊ ရက်၆၀အတွင်း Executive 3000PV မပြည့်မှီသည့် Supervisor များသည် ရက်၆၀ကျော်ပြီးမှ Executive အဆင့်ကိုတိုးမြှင့်လိုပါက မည်သည့်လတွင်မဆို တစ်လအတွင်း 3000PV အပြည့်ဝယ်ယူရမည်။ သို့သော် ရက်၆၀အတွင်း ၀ယ်ယူခဲ့သည့် PV များကို ပြန်ပေါင်းပေးမည် မဟုတ်ပါ။ Supervisor, Executive ရာထူးရပြီးသူများသာလျှင် ကုမ္ပဏီမှပေးအပ်မည့် ခံစားခွင့် BONUS ကို ခံစားရရှိမည်ဖြစ်သည်။
လိုက်နာရန်
  1. အသင်းဝင် လျှောက်ထားသူသည် Member Form ဖြည့်ရန်လိုအပ်ပြီး မှတ်ပုံတင်မိတ္တူနှင့်တကွ ပူးတွဲလျှောက်ထားရမည်။
  2. အသင်းဝင်ကြေး ၅၀၀၀ကျပ်ပေးသွင်းရမှာဖြစ်ပြီး ဘဏ်စာအုပ် Passport စသည်တို့ကို ကိုယ်တိုင်ပြုလုပ်ရမည်ဖြစ်သည်။
  3. အသင်းဝင်လျှောက်ထားရာတွင် လူတစ်ဦးတည်းမှ နှစ်နေရာလျှောက်ထားခွင့်မရှိပါ။
  4. ပူးတွဲအသင်းဝင်သည် မိမိ၏တရားဝင်အိမ်ထောင်ဖက်သာဖြစ်ရမည်။
  5. အသင်းဝင်၏ ခံစားခွင့်ကို သားစဉ်မြေးဆက် အမွေဆက်ခံခွင့်ရှိသော်လည်း မိမိသဘောဆန္ဒအလျောက် မည်သူတဦးတယောက်ကိုမျှ လွှဲပြောင်း ခွင့် မပြုပါ။ လွှဲပြောင်းမည်ဆိုပါက ကုမ္ပဏီသို့ရှေးဦးစွာလျှောက်လွှာတင်ပြီး ကုမ္ပဏီ၏ဆုံးဖြတ်ချက်ကိုခံယူရမည်။
  6. အသင်းဝင်လျှောက်ထားသူ၏ ကုမ္ပဏီသို့ပေးပို့သော အချက်အလက်များမှာ အစစ်အမှန်ဖြစ်ရန်လိုသည်။ အခြားသူတစ်ဦး၏ အမည်နှင့်အချက် အလက်များကို အလွဲသုံးစားအသုံးပြုထားကြောင်းသိရှိပါက ကုမ္ပဏီမှချမှတ်ထားသည့် စည်းကမ်းအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်။
  7. အသင်းဝင်များသည် အခြားကုမ္ပဏီမှပစ္စည်းကို သုံးစွဲခွင့်ရှိသော်လည်း Successmore ကုမ္ပဏီအတွင်းသို့ အခြားကုမ္ပဏီမှပစ္စည်းများယူဆောင်ပြီး ကြော်ငြာခြင်း member ဆွယ်ခြင်းများမပြုလုပ်ရ။ တွေ့ရှိပါက ကုမ္ပဏီမှချမှတ်ထားသည့်စည်းကမ်းချက်အတိုင်း သတိပေး အရေးယူခြင်းခံရမည်။
  8. အသင်းဝင်တိုင်း Successmore လုပ်ငန်းကို အခြားမိတ်ဆွေအသစ်များထံသို့ မိတ်ဆက်ပေးခွင့်ရှိသည်။ ထိုမိတ်ဆွေ အသစ်ကိုလည်း Successmore ကုမ္ပဏီတွင်ပြုလုပ်သည့် Training၊ အခမ်းအနားတို့ကို တက်ရောက်နိုင်ရန်ကူညီလမ်းပြပေးနိုင်ရမည်။ မိတ်ဆွေသစ်သည် အကြောင်းအမျိုးမျိုးကြောင့် အသင်းဝင်ရောက်ခြင်းမရှိပါက ရှေ့ကမိတ်ဆက်သွားသူအသင်းဝင်နှင့် တလခြားပြီးမှ နောက်အသင်းဝင်က ထပ်မံမိတ်ဆက်ခွင့်ရှိသည်။
  9. မိမိ Network လိုအပ်ချက်အရ မိမိ Downline အား ကူညီပြောပေးပါက အကူအညီတောင်းခံသူ၏ မိတ်ဆက်သာဖြစ်စေရမည်။ မိမိမိတ်ဆက် အဖြစ် မပြုလုပ်ရ။
  10. အသင်းဝင်အဖြစ် အတည်ပြုပြီးပါက အထက်လိုင်းပြောင်းခြင်း လိုင်းပြောင်းရွှေ့ခြင်း လုံးဝလုံးဝ ခွင့်မပြုပါ။
  11. အသင်းဝင်တိုင်း ကုမ္ပဏီ၏ Image ကို ထိခိုက်စေမည့် အပြုအမူအပြောအဆို အနေအထိုင်များကို ရှောင်ကြဉ်ရမယ့်။
  12. အသင်းဝင်တိုင်း မိမိ Upline ၊ Side Line ၊ Downline များကို စော်ကားခြင်း ထိခိုက်နစ်နာစေမည့် စကားလုံးများ ပြောဆိုခြင်းကိုရှောင်ကြဉ်ရမည်။
  13. အသင်းဝင်တိုင်း မိတ်ဆွေသစ် မိတ်ဆက်ရာတွင် သူ့လိုင်းကောင်းသည် ငါ့လိုင်းကောင်းသည် ခွဲခြားမပြောဆိုရ။
  14. အသင်းဝင်တိုင်း ကုမ္ပဏီ ပရ၀ုဏ်အတွင်း အော်ဟစ်ခြင်း ဆဲရေးတိုင်းထွာခြင်း လုံးဝလုံးဝ ခွင့်မပြုပါ။
  15. အသင်းဝင်တိုင်း ကုမ္ပဏီ ပရ၀ုဏ်အတွင်း အခြားအသင်းသားများ လုပ်ငန်းဆိုင်ရာဆွေးနွေးနေစဉ် စိတ်အနှောက်အယှက်ဖြစ်စေရန် အော်ဟစ် ဆူညံခြင်း လှောင်ပြောင်ရယ်မောခြင်း မပြုရ။
  16. အသင်းဝင်တိုင်း ကုမ္ပဏီသို့မိတ်ဆွေသစ်များ လာရောက်လေ့လာပါက မိမိလိုင်းမှ မဟုတ်သော်လည်း ဖော်ရွေစွာ ပြုံးပြနှုတ်ဆက်နိုင်ရမည်။ မထေမဲ့မြင်မပြုရ။
  17. အသင်းဝင်များသည် ကုမ္ပဏီကို ခြိမ်းခြောက်ခြင်း၊ ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း ရန်မူခြင်း လုံးဝ မပြုလုပ်ရ။
  18. အသင်းဝင်တိုင်း ကုမ္ပဏီပိုင်ပစ္စည်းများကို ထိခိုက်ပျက်ဆီးစေခြင်းလုံးဝခွင့်မပြုပါ။
  19. နိုင်ငံတော် ဥပဒေကို ချိုးဖောက်သော အသင်းဝင်တိုင်းကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခွင့်ရှိသည်။
  20. အသင်းဝင်တိုင်း မိမိ Downline အမှတ်သွင်းရန် ပေးအပ်ထားသော ငွေများကို Keep လုပ်ထားခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ အပြည့်အ၀ မပေးသွင်းခြင်း လုံးဝလုံးဝ ခွင့်မပြုပါ။ အသင်းဝင်များ ငွေကြေးအလွဲသုံးစားပြုလုပ်ထားခြင်းရှိပါက အသင်းဝင်အဖြစ်မှ ရာသက်ပန်ထုတ်ပယ်ြပီး ခံစားခွင့်ပိတ်သိမ်းခြင်းခံရမည်။
  21. အသင်းဝင်များသည် ကုမ္ပဏီ၏ ခွင့်ပြုချက်မရပဲ Public Area တွင်ကြော်ငြာခွင့်မရှိပါ။ အကယ်၍ Facebook တွင် Page ထောင်မည်ဆိုပါက Board အဖွဲ့သို့ မိမိကြော်ငြာမည့် Page နှင့် ကြော်ငြာမည့် ကုန်ပစ္စည်း အကြောင်းအရာ ဈေးနှုန်းစသည်တို့ကို ဦးစွာတင်ပြရမည်။
  22. လက်လီရောင်းချမည့် အသင်းဝင်တိုင်း ကုမ္ပဏီမှ သတ်မှတ်ထားသော ကပ်ဈေးအတိုင်းရောင်းရမည်။ ဈေးပိုရောင်းချခြင်း၊ ဈေးလျှော့ရောင်းချခြင်း၊ ကုမ္ပဏီမှသတ်မှတ်ထားခြင်းမရှိသော ကုန်ပစ္စည်းများ Promotion ပေးခြင်း အခြားပစ္စည်းများနှင့်တွဲဖက်ရောင်းချခြင်း လုံးဝလုံးဝ ခွင့်မပြုပါ။
  23. လက်လီရောင်းချရာတွင် Customer များလိုအပ်သည့်ပစ္စည်းကို လွပ်လပ်စွာရွေးချယ်ခွင့်ရှိရမည်။ အတင်းအကြပ်ရောင်းချခြင်းမပြုရ။
  24. ထုတ်ကုန်များမိတ်ဆက်ရာတွင် ကုမ္ပဏီမှသင်ကြားပေးထားသည့် အချက်များထက် ပိုမိုပြောဆိုခြင်း အညွှန်းပါပစ္စည်းများထက် ပို၍ပြောဆိုခြင်း ကြော်ငြာခြင်းများမပြုလုပ်ရ။
  25. ကုမ္ပဏီမှချမှတ်ထားသည့် အကျိုးခံစားခွင့် အမှန်ကိုသာပြောရန်။ (Money Game ဆန်ဆန် ငွေထည့်ဝင်ရုံဖြင့် ဘာမှလုပ်စရာမလိုပဲအတိုးကဲ့သို့ လစဉ်ဝင်ငွေ မည်မျှရမည်ဟု စည်းရုံးပြောဆိုခြင်း လုံးဝခွင့်မပြု)။
  26. လူတဦးလျှင် သတ်မှတ်ထားသည့် အမြင့်ဆုံးရင်းနှီမြုပ်နှံမှု Executive ၅၀၀၀၀၀ မှလွဲ၍ ပို၍ရင်းနှီးမြုပ်နှံခြင်းမပြုရ။ (ရာထူးရိုက်ခြင်း ရာထူးရိုက်ရန် တွန်းအားပေးခြင်း မပြုရ)။
  27. ထုတ်ကုန်မိတ်ဆက်ခြင်း၊ လုပ်ငန်းအကြောင်းအရာ မိတ်ဆက်ပြောဆိုခြင်းမပြုမည် ကုမ္ပဏီ၌ အသင်းဝင်ပြီး မပြီး သေချာစစ်ဆေးရန်။
  28. အသင်းဝင်ပြီးသောသူများကို မိမိလိုင်းအတွင်း လာရောက်လုပ်ကိုင်ရန် စည်းရုံးခြင်း မက်လုံးပေးခြင်း လုံးဝမပြုလုပ်ရ။
  29. အသင်းဝင်တိုင်း အခြားအသင်းဝင်၏ Upline ကို ထိုအသင်းဝင်ရှေ့တွင် မကောင်းပြောခြင်း အယုံအကြည်မဲ့စေရန်ပြောဆိုခြင်း မပြုလုပ်ရ။ ထိုသို့ပြုလုပ်ခြင်းကို လိုင်းလုရန်ကြံစည်ခြင်းဟု သတ်မှတ်မည်။
  30. အသင်းဝင်တိုင်း တဦးနှင့်တဦး အပြန်အလှန် လေးစားမှုရှိရမည်။ အထူးသဖြင့် မိမိ Upline ကို ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မလေးမစား မဆက်ဆံရ။ Upline မှလည်း မိမိ Downline ကို ပြောဆိုသင်ကြားခွင့်ရှိသော်လည်း ဖိနှိမ့်ခြင်း နစ်နာစေရန်ပြောဆိုခြင်းမပြုရ။
  31. ကုမ္ပဏီ၏ ရာထူးကြီး ပုဂ္ဂိုလ်များသည် ကုမ္ပဏီ၏ Image ဖြစ်နေပါသောကြောင့် အခြားကုမ္ပဏီသို့ဝင်ရောက်လုပ်ကိုင်ခြင်းများကို စစ်ဆေးတွေ့ ရှိပါက ပထမအကြိမ်နှုတ်ဖြင့်သတိပေးခြင်း ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်း ရပိုင်ခွင့်များထိန်းသိမ်းခြင်း ရားထူးမှအပြီးအပိုင်ရပ်ဆဲခြင်းကို အဆင့်ဆင့် လုပ်ဆောင်သွားပါမည်။
  32. Successmore Being Myanmar မြန်မာနိုင်ငံ၏ Successmore ရုံးခွဲမှ ခွင့်ပြုချက်ရယူခြင်းမရှိပဲ တဖက်နိုင်ငံမှ Successmore ထုတ်ကုန်များ ၀ယ်ယူရောင်းချခြင်း တင်သွင်းဖြန့်ချိခြင်း လုံးဝလုံးဝခွင့်မပြုပါ။ အသင်းဝင်ဖြစ်ပါက သတိပေးခြင်း အသင်းဝင်အဖြစ်မှရပ်ဆဲခြင်းခံရမည်။ အသင်းဝင်မဟုတ်ပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်။

No comments:

Post a Comment